ပုဒ်မ ၄၇၆
ပုဒ်မ ၄၇၆
ပုဒ်မ ၄၆၇ တွင် ဖော်ပြထားသည့် စာတမ်းအမှတ်အသားမှတစ်ပါး အခြားစာတမ်းအမှတ်အသားကို အစစ်အမှန်ဖြစ်ကြောင်း ထင်ရှားစေရန် အသုံးပြုသည့် ပစ္စည်းကိရိယာကို သို့မဟုတ် အမှတ်အသားကို အတုပြုခြင်း သို့မဟုတ် အတုပြုထားသော အမှတ်အသားပါသည့် အရာဝတ္ထုကိုလက်ဝယ်ထားရှိခြင်း

မည်သူမဆို ပုဒ်မ ၄၆၇ တွင် ဖော်ပြထားသည့် စာတမ်းအမှတ်အသားမှတစ်ပါး အခြားစာတမ်း အမှတ်အသားကို အစစ်အမှန်ဖြစ် ကြောင်း ထင်ရှားစေရန်အလို့ငှာ အသုံးပြုသော ပစ္စည်းကိရိယာကို သို့မဟုတ် အမှတ်အသားကို လိမ်လည်အတုပြုထားသော စာတမ်းအမှတ်အသားအတွက် သို့မဟုတ် အရာဝတ္ထုတစ်ခုခုပေါ်တွင် နောင်တွင် လိမ်လည်အတုပြုမည်ဖြစ်သော စာတမ်းအမှတ်အသားအတွက် အစစ်အမှန်ဖြစ်ဟန်ရှိအောင် အသုံးပြုစေရန် ကြံရွယ်ချက်ဖြင့်ဆိုခဲ့သော ပစ္စည်းကိရိယာကိုသော်လည်း ကောင်း၊ အမှတ်အသားကိုသော်လည်းကောင်း ဆိုခဲ့သောအရာဝတ္ထုတစ်ခုခုအပေါ်၌ဖြစ်စေ၊ အထဲ၌ ဖြစ်စေ အတုပြုလျှင် သို့မဟုတ် ဆိုခဲ့သော ကြံရွယ်ချက်ဖြင့် အပေါ်၌ဖြစ်စေ၊ အထဲ၌ဖြစ်စေ ဆိုခဲ့သော ပစ္စည်းကိရိယာကို သို့မဟုတ် အမှတ်အသားကို အတုပြုထားသည့် အရာဝတ္ထုကို မိမိထံ ၌ လက်ဝယ် ထားရှိလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ .
  5. စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။