ပုဒ်မ ၄၂၄
ပုဒ်မ ၄၂၄
မရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်ဖြစ်စေ ပစ္စည်းကို ဖယ်ရှား ခြင်း သို့မဟုတ် ဝှက်ထားခြင်း

မည်သူမဆို မိမိ၏ သို့မဟုတ် အခြားသူတစ်ဦးဦး၏ပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့် သော်လည်းကောင်း၊ လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်သော်လည်းကောင်း ဝှက်ထားခြင်း သို့မဟုတ် ဖယ်ရှားခြင်းပြုလျှင်ဖြစ်စေ၊ ထိုသို့ ဝှက်ထားရာတွင် သို့မဟုတ် ဖယ်ရှားရာတွင် မရိုးမဖြောင့် သောသဘောဖြင့် သော်လည်းကောင်း၊ လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်သော်လည်းကောင်း ကူညီလျှင်ဖြစ်စေ မိမိရသင့်ရထိုက်သော ရထိုက်ခွင့်ကို မရိုးမဖြောင့်သော သဘောဖြင့် စွန့်လွှတ်လျှင် ဖြစ်စေ ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။        
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။