ပုဒ်မ ၃၆၃
ပုဒ်မ ၃၆၃
လူခိုးမှုအတွက် ပြစ်ဒဏ်

မည်သူမဆို သူတစ်ဦးဦးအား ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ဖြစ်စေ၊ ဥပဒေနှင့်အညီ အုပ်ထိန်းသူ ထံမှဖြစ်စေ ခိုးယူလျှင်ထိုသူကို ခုနစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ

ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။