ပုုဒ်မ ၁၆
ပုုဒ်မ ၁၆
တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်များ တည်ထောင်ခြင်း

ညွှန်ကြားရေးမှူးချုပ်သည် -

(က) သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း တောရိုင်းတိရစ္ဆာန်များ ရေရှည်တည်တံ့နေစေ ရေးအတွက် ဦးရေအမျိုးအစားနှင့် အချိုးအစားမျှတစေရန်နှင့် မျိုးရိုးဗီဇရောယှက်ခြင်းမဖြစ်စေ ရန် ဖမ်းဆီးခြင်း၊ သုတ်သင်ခြင်းပြုရန် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်သည်။

(ခ) ပုဒ်မ ၉၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ တည်ထောင်ထားသည့် တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်အတွင်း ကြည့်ရှုလေ့လာအပန်းဖြေသူများက လိုက်နာရမည့် စည်းကမ်းချက် များကို အများပြည်သူသိရှိရန် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်သည်။

(ဂ) ပုဒ်မ ၉၊ ပုဒ်မခွဲ (က)အရ သတ်မှတ်တည်ထောင်ထားသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ၊ တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ်ကို စီမံအုပ်ချုပ်ရန် သစ်တောအရာရှိ သို့မဟုတ် သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအား အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးအပ်ရမည်။