ပုဒ်မ ၈
ပုဒ်မ ၈
ဦးစီးကော်မတီ ဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

ဗဟိုကော်မတီသည်-

(က) ဤဥပဒေပါ ဆိုက်ဘာလုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်နှင့် ကြီးကြပ်နိုင်ရန် ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်များ၊ ဆက်စပ်ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ဒုတိယဥက္ကဋ္ဌများ သို့မဟုတ် အမြဲတမ်းအတွင်းဝန်များ၊ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို အတွင်းရေးမှူးအဖြစ်လည်းကောင်း ပါဝင်စေလျက် ဦးစီး ကော်မတီကို ဖွဲ့စည်းရမည်။

(ခ) ဦးစီးကော်မတီကို လိုအပ်ပါက ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်နှင့်အညီ ပြင်ဆင် ဖွဲ့စည်း နိုင်သည်။

(ဂ) နိုင်ငံ့ဝန်ထမ်းမဟုတ်သော ဦးစီးကော်မတီဝင်များအား ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေး သည့် စရိတ်နှင့် ချီးမြှင့်ငွေများကို ခံစားခွင့်ပြုနိုင်သည်