ဗဟိုဘဏ်သည် အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လျှင် ဘဏ်တစ်ခုခုအား မဖြစ်မနေ စာရင်းရှင်းလင်းဖျက်သိမ်း ရန်ဆောင်ရွက်ရမည်-
(က) ဘဏ်သည် ပေးချေရန် အချိန်စေ့ရောက်သည့် ငွေရေးကြေးရေး ပေးရန်တာဝန်များကို ပြန်လည် မပေးဆပ်နိုင်ခြင်း၊
(ခ) ဘဏ်လုပ်ငန်း၏ မတည်ငွေရင်းသည် ဤဥပဒေအရ ဘဏ်က ထိန်းသိမ်းထားရှိရသည့် အနည်းဆုံး မတည်ငွေရင်း၏ ထက်ဝက်အောက် လျော့နည်းနေသည်ဟု ဗဟိုဘဏ်က သတ်မှတ်ဆုံးဖြတ်ခြင်း၊
(ဂ) ဘဏ်၏ ရရန်ပိုင်ခွင့်တန်ဖိုးသည် ကြွေးမြီတန်ဖိုးအောက် လျော့နည်းနေခြင်း သို့မဟုတ် ဘဏ်သည် ကြွေးမြီပေးဆပ်နိုင်စွမ်း မရှိဟု ဗဟိုဘဏ်က သတ်မှတ်ဆုံးဖြတ်ခြင်း၊
(ဃ) ပုဒ်မ ၉၇ အရ ခန့်ထားသည် အုပ်ချုပ်သူက ဘဏ်အား စာရင်းရှင်းလင်းဖျက်သိမ်းရန် အကြံပြုခြင်း။