ပုဒ်မ ၃၈၆
ပုဒ်မ ၃၈၆
သူတစ်ဦးအား သေစေမည်ဟု သို့မဟုတ် အပြင်းအထန်နာကျင်စေမည်ဟု ကြောက်ရွံ့အောင် ပြု၍ ခြောက်လှန့် တောင်းယူမှု

မည်သူမဆို သူတစ်ဦးဦးကိုဖြစ်စေ၊ အခြားသူတစ်ဦးကိုဖြစ်စေ သေစေမည်ဟု သို့မဟုတ် အပြင်းအထန် နာကျင်စေမည်ဟု ကြောက်ရွံ့အောင်ပြု၍ ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်လျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ မပေးနိုင်      
  4. ကျေအေးခွင့် မရှိ.
  5. စက်ရှင်တရားရုံး က  စစ်ဆေးနိုင်သည်။