(က) ဗဟိုဘဏ်သည် ပုဒ်မ ၈ နှင့် ၉ တို့အရ လျှောက်ထားသည့် လိုင်စင်လျှောက်လွှာကို စိစစ်၍ သတ်မှတ်ချက်များနှင့် ပြည့်စုံကြောင်း တွေ့ရှိရပါက လိုင်စင်လျှောက်ထားချက်ကို ခွင့်ပြုနိုင်သည်။
(ခ) ဗဟိုဘဏ်သည် အောက်ပါအခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်ကြောင်းတွေ့ရှိလျှင် လျှောက်လွှာကို ငြင်းပယ်ရမည်-
(၁) ဤဥပဒေပါ လိုင်စင်ထုတ်ပေးရန် လိုအပ်ချက်များနှင့် မပြည့်စုံခြင်း၊
(၂) လိုင်စင်လျှောက်လွှာတွင် ပါရှိသည့် သတင်းအချက်အလက်ဖြစ်စေ၊ ယင်းနှင့် ဆက်စပ်၍ ပူးတွဲ တင်ပြသည့် သတင်းအချက်အလက် တစ်ရပ်ရပ်တွင်ဖြစ်စေ မှားယွင်းကြောင်း၊ လွဲမှားထင်မှတ်စေ ကြောင်း သို့မဟုတ် မတိကျကြောင်း တွေ့ရှိ ခြင်း၊
(၃) လျှောက်ထားသူသည် ဤဥပဒေ သို့မဟုတ် မြန်မာနိုင်ငံ၏ အခြားဥပဒေတစ်ရပ်ရပ်အရ လိုအပ် ချက်များကို လိုက်နာနိုင်ဖွယ်ရာမရှိကြောင်း ညွှန်ပြချက်ရှိသည်ဟု ဗဟိုဘဏ်က ဆုံးဖြတ်ခြင်း၊
(၄) အဆိုပြုအဖွဲ့အစည်းတွင် အဓိကကျသည့် အကျိုးစီးပွားရှိသူတစ်ဦးဦးက လျှောက်ထားသူအပေါ် ဩဇာလွှမ်းမိုးသောကြောင့် လျှောက်ထားသူ၏စီမံခန့်ခွဲမှုကို ထိခိုက်နိုင်ကြောင်း ဗဟိုဘဏ်ကဆုံးဖြတ် ခြင်း၊
(၅) လျှောက်ထားသူသည် အဖွဲ့အစည်းအုပ်စုတစ်စုနှင့် ဆက်နွှယ်နိုင်ခြေရှိပြီး ထိုအဖွဲ့အစည်းအုပ်စု သည် လျှောက်ထားသူ၏ စီမံခန့်ခွဲမှုကို ထိခိုက်လာနိုင်ကြောင်း သို့မဟုတ် ဗဟိုဘဏ်၏ ကြပ်မတ်ကွပ်ကဲ ခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်း တာဝန်ထမ်းဆောင်ရာတွင် အဟန့်အတား ဖြစ်စေကြောင်း ဗဟိုဘဏ်ကဆုံးဖြတ်ခြင်း၊
(၆) နိုင်ငံတော်၏ လက်ရှိစီးပွားရေးနှင့် ငွေရေးကြေးရေး အခြေအနေများအရ လျှောက်ထားသူ၏ လိုင် စင်လျှောက်ထားမှုကို ငြင်းပယ်သင့်ကြောင်း ဗဟိုဘဏ်က ဆုံးဖြတ်ခြင်း။