ပုဒ်မ ၁၃
ပုဒ်မ ၁၃
တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်များ တည်ထောင်ခြင်း

ညွှန်ကြားရေးမှူးချုပ်သည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် -

(က) သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း သိပ္ပံဆိုင်ရာ သုတေသနပြုလုပ်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကြည့်ရှုလေ့လာခြင်းနှင့် အပန်းဖြေခြင်းတို့ကို နယ်မြေသတ်မှတ်၍ စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ခွင့်ပြုနိုင်သည်။

(ခ) သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်းသို့ ပြင်ပပတ်ဝန်းကျင်မှ အန္တရာယ်မကျရောက် စေရန်နှင့် ထိခိုက်နှောင့်ယှက်မှုများမရှိစေရန် လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်နိုင် သည်။

(ဂ) တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကို ပြည်ပနိုင်ငံများရှိ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များနှင့် လဲလှယ်ခြင်း သို့မဟုတ် လက်ခံရယူခြင်း ပြုလုပ်နိုင်သည်။

(ဃ) သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်းရှိ ဂေဟစနစ်အတွင်းမှ ရရှိသည့် ဂေဟစနစ် ဝန်ဆောင်မှုများအပေါ် အခကြေးငွေပေးဆောင်စေခြင်း စနစ်ကို သတ်မှတ်နိုင်သည်။

(င) ဒေသခံပြည်သူများ၏ လူမှုစီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲ ရေရှည်တည်တံ့ရေးကို ဟန်ချက်ညီစွာ ဖော်ဆောင်နိုင်သည့် ဒေသခံပြည်သူများ ပူးပေါင်း ပါဝင်သော သဘာဝထိန်းသိမ်းရေးနယ်မြေ စီမံအုပ်ချုပ်မှုကို ခွင့်ပြုနိုင်သည်။

(စ) သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် ဝင်ကြေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြားအခ ကြေးငွေများ သတ်မှတ်ကောက်ခံရန် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်သည်။

(ဆ) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားတိုးတက်ရေးနှင့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်ပါက အမာခံထိန်းသိမ်းရေး နယ်မြေအား ထိခိုက်မှုမရှိစေဘဲ သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ အတွင်းတွင် ကြားခံ နယ်မြေသတ်မှတ်ပေးရမည်။ သတ်မှတ်ထားသည့် ကြားခံနယ်မြေတွင် ဒေသခံပြည်သူ အစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်း၊ ဒေသခံအခြေပြုခရီးသွားလုပ်ငန်းနှင့် ဒေသခံများ စီမံအုပ်ချုပ်သည့် အဏ္ဏဝါရေပြင်ဧရိယာအား စီမံအုပ်ချုပ်ခြင်းလုပ်ငန်းတို့ကို စည်းကမ်းချက်များ သတ်မှတ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးနိုင်သည်။

(ဇ) သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့်စပ်ဆိုင် သော လုပ်ငန်းရပ်များအတွက် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းတစ်ခုခုက လုပ်ကိုင်လိုကြောင်း သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ လျှောက်ထားလာခြင်းကိုစိစစ်ပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။