ပုဒ်မ ၅
ပုဒ်မ ၅
ငွေကြေးခဝါချမှုနှင့်သက်ဆိုင်သော ပြစ်မှုများ

အောက်ပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှရရှိသည့် အကျိုးအမြတ်များကို ငွေကြေးခဝါချမှုပြုလုပ် ခြင်းသည် ဤဥပဒေနှင့်သက်ဆိုင်စေရမည်-

(က) နိုင်ငံဖြတ်ကျော်၍ ဂိုဏ်းအုပ်စုဖြင့်ဂိုဏ်းဖွဲ့ကျူးလွန်မှု၊ ရာဇဝတ်ဂိုဏ်းများတွင်ပါဝင်မှု၊ ဒုစရိုက် လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းမှု၊

(ခ) အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုအပါအဝင် အကြမ်းဖက်မှု၊

(ဂ) လူကုန်ကူးမှုနှင့် လူမှောင်ခိုကူးမှု၊

(ဃ) ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှု၊

(င) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တရားမဝင်ကုန်ကူးမှု၊

(စ) လက်နက်များ တရားမဝင်ကုန်ကူးမှုများ၊

(ဆ) ခိုးရာပါပစ္စည်းနှင့် အခြားသောကုန်စည်များ တရားမဝင်ကုန်ကူးမှု၊

(ဇ) အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှု၊

(ဈ) လိမ်လည်မှု၊

(ည) ငွေကြေးအတု ပြုလုပ်မှု၊

(ဋ) ကုန်ပစ္စည်းအတုပြုလုပ်မှုနှင့် မူပိုင်ခွင့်ချိုးဖောက်မှု၊

(ဌ) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာသည့်ပြစ်မှုများ၊

(ဍ) လူသတ်မှု၊ လူ့ခန္ဓာကိုယ်ကို အပြင်းအထန်နာကျင်စေမှု၊

(ဎ) ပြန်ပေးဆွဲမှု၊ မတရားဖမ်းဆီးချုပ်နှောင်မှုနှင့် ဓားစာခံဖမ်းဆီးမှု၊

(ဏ) ဓားပြမှု သို့မဟုတ် ခိုးမှု၊

(တ) အကောက်ခွန်၊ ယစ်မျိုးနှင့် အခွန်များဆိုင်ရာအပါအဝင် မှောင်ခိုမှုများ၊

(ထ) အခွန်ဆိုင်ရာပြစ်မှုများ (တိုက်ရိုက်ခွန်နှင့် သွယ်ဝိုက်ခွန်များအပါအဝင်)၊

(ဒ) ခြောက်လှန့်တောင်းယူမှု၊

(ဓ) လိမ်လည်အတုပြုလုပ်မှု၊

(န) ပင်လယ်ဓားပြမှု၊

(ပ) သတင်းအချက်အလက်ကို ဦးစွာသိရှိနိုင်သူက မိမိသိရှိသည့်သတင်းအချက်အလက်ကို အသုံးပြု၍ မိမိ ကိုယ်တိုင်ဖြစ်စေ၊ ယင်းသတင်းအချက်အလက်ကို သူတစ်ပါးအားပေးအပ်၍ဖြစ်စေ တရားမဝင် အကျိုးအမြတ်ရရှိရေးအတွက် ဆောင်ရွက်ခြင်းနှင့် ဈေးကွက်ထိန်းချုပ်ရန် ပြုလုပ်ခြင်းဆိုင်ရာပြစ်မှုများ၊

(ဖ) ဆိုက်ဘာမှုခင်း၊

(ဗ) လောင်းကစားမှု၊

(ဘ) ထိန်းချုပ်ဓာတုပစ္စည်းများနှင့်သက်ဆိုင်သည့် ပြစ်မှုများ။

(မ) နိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အနည်းဆုံး ထောင်ဒဏ်ခြောက်လနှင့်အထက် ပြစ်ဒဏ် ထိုက်သင့်သည့် ပြစ်မှုများ၊

(ယ) ငွေကြေးခဝါချမှုနှင့်သက်ဆိုင်သော ပြစ်မှုများဖြစ်သည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် ဗဟိုအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်၍ အခါအားလျော်စွာ သတ်မှတ်သည့် ပြစ်မှုများ။