(က) မှတ်ပုံတင်လက်မှတ်ရရှိသော ကိုယ်စားလှယ်ရုံးသည် ဗဟိုဘဏ်က သတ်မှတ်ထားသည့် လုပ်ငန်းဆောင်ရွက်ချက်များ သို့မဟုတ် ခွင့်ပြုသည့် လုပ်ငန်းများကိုသာ ဆောင်ရွက်ရမည်။
(ခ) မည်သည့် နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းမျှ ယင်း၏ကိုယ်စားလှယ်ရုံးမှတစ်ဆင့် နိုင်ငံတော် အတွင်း ဘဏ်လုပ်ငန်း သို့မဟုတ် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းလုပ်ငန်း တစ်ခုခုကို ဆောင်ရွက်ခြင်း မပြုရ။