(က) ဤအခန်းပါ ပြစ်မှုများသည် ကလေးသူငယ် အခွင့်အရေးများနှင့် သက်ဆိုင်သည့် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ ပရိုတိုကောလ် အဖွဲ့ဝင်နိုင်ငံအချင်းချင်းချုပ်ဆိုသည့် စာချုပ်တွင် ပါရှိသော တရားခံလွှဲပြောင်းပေးနိုင်သည့် ပြစ်မှုများတွင်ပါဝင်သည်ဟု မှတ်ယူရမည်။
(ခ) ဤအခန်းပါ ပြစ်မှုတစ်ခုခုအတွက် ကလေးသူငယ်အခွင့်အရေးများနှင့် သက်ဆိုင်သည့် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲပရိုတိုကောလ် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့တရားခံ လွှဲပြောင်းရေးကိစ္စနှင့်စပ်လျဉ်း၍ဖြစ်စေ၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အကူအညီပေးရေးကိစ္စနှင့် စပ်လျဉ်း၍ ဖြစ်စေ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။