ရဲအရာရှိသည် သင်တန်းကျောင်း၊ ပရဟိတဂေဟာ၊ ယာယီစောင့်ရှောက်ရေးဂေဟာ၊ မိဘ၊ အုပ်ထိန်းသူ သို့မဟုတ် ပြုစုစောင့်ရှောက်သူထံမှ ထွက်ပြေးသည့် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ် သို့မဟုတ် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော ကလေးသူငယ်ကို-
(က) ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်။ သို့ရာတွင် ရာဇသတ်ကြီးနှင့်အခြားပြစ်မှုဆိုင်ရာ အထူးဥပဒေ တစ်ရပ်ရပ်အရ အရေးယူခြင်းမပြုရ။
(ခ) ဖမ်းဆီးရမိလျှင် သက်ဆိုင်ရာ သင်တန်းကျောင်း၊ ပရဟိတဂေဟာ၊ ယာယီစောင့်ရှောက်ရေးဂဟာ၊ မိဘ၊ အုပ်ထိန်းသူ သို့မဟုတ် ပြုစုစောင့်ရှောက်သူထံ ပြန်ပို့ရမည်။
(ဂ) ပုဒ်မခွဲ (ခ) အရသင်တန်းကျောင်း၊ ပရဟိတဂေဟာ၊ ယာယီစောင့်ရှောက်ရေးဂေဟာ၊ မိဘ၊ အုပ်ထိန်းသူ သို့မဟုတ် ပြုစုစောင့်ရှောက်သူထံ ပြန်မပို့နိုင်မီကာလအတွင်း အခြားသင့်လျော်သည့် နေရာ၌ ထိန်းသိမ်းထားရှိနိုင်သည်။