ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် ဝန်ဆောင်မှုပေးသည့် ပလက်ဖောင်းတွင် အောက်ပါအချက်တစ်ရပ်ရပ်ဖြစ်ပေါ်ပါက ယင်းနှင့်သက်ဆိုင်သော သတင်းအချက် အလက်နှင့် ဆိုက်ဘာအရင်းအမြစ်ကို သိရှိနိုင်ရန် လုံလောက်သော အစီအမံများထားရှိရမည်-
(က) အမုန်းတရားကိုဖြစ်စေသော၊ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသော သို့မဟုတ် တည်ငြိမ်အေးချမ်း မှုကို ပျက်ပြားစေသော သတင်းအချက်အလက်များဖြစ်ပေါ်ခြင်း၊
(ခ) မမှန်သတင်း သို့မဟုတ် ကောလာဟလသတင်းများဖြစ်ပေါ်ခြင်း၊
(ဂ) အများပြည်သူ ကြည့်ရှုခြင်းငှာ မသင့်လျော်သော သတင်းအချက်အလက်များကို ဖော်ပြခြင်း၊
(ဃ) လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်ဖြင့်ဖော်ပြသော ကလေးသူငယ်၏ ညစ်ညမ်းပုံ၊ ညစ်ညမ်းဗီဒီယို၊ စာသားများ သို့မဟုတ် သင်္ကေတများကို တစ်နည်းနည်းဖြင့် ဖော်ပြခြင်း၊
(င) တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ဆန့်ကျင်သည့် သတင်းအချက်အလက်များကို ဖော်ပြခြင်း သို့မဟုတ် ဥပဒေနှင့်မညီသော ပြုလုပ်မှုကို ပြုလုပ်ခြင်း၊
(စ) လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လူမှုရေး သို့မဟုတ် စီးပွားရေးကို ထိခိုက်နစ်နာစေရန် ရည်ရွယ် ဖော်ပြသော သတင်းအချက်အလက်နှင့်စပ်လျဉ်းသည့် တိုင်ကြားချက်ဖြစ်ပေါ်ခြင်း၊
(ဆ) မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခြင်းနှင့်စပ်လျဉ်းသည့် တိုင်ကြားချက် ဖြစ်ပေါ်ခြင်း၊
(ဇ) အကြမ်းဖက်မှုဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်း၊ ကျူးလွန်ခြင်း၊ အားထုတ်ခြင်း၊ အားပေးကူညီခြင်း သို့မဟုတ် ကြံရာပါအဖြစ် ဆောင်ရွက်ခြင်း။