ပုဒ်မ ၄၀
ပုဒ်မ ၄၀
စစ်ဆေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း

ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဦးစီးဌာနသည်-

(၁) လိုအပ်သောပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းခြင်း၊ လိုအပ်သော သတင်းအချက်အလက်နှင့် အ ထောက်အထားများ၊ စာရွက်စာတမ်းများနှင့် စာတမ်းအမှတ်အသားများကို တင်ပြစေခြင်းတို့ကို ပြုနိုင် သည်။

(၂) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သည့် အဆောက်အအုံနှင့်နေရာများ၊ စက်ပစ္စည်း များကို ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း ပြုနိုင်သည်။

(၃) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍ စာရင်းဇယားနှင့် စာရွက်စာတမ်းများ၊ စာတမ်း အမှတ်အသားများကို ကြည့်ရှုစစ်ဆေးခြင်း၊ ကောက်နုတ်ချက်ရယူခြင်းနှင့် မိတ္တူကူးခြင်းတို့ကို ပြုနိုင် သည်။

(၄) လုပ်ငန်းဆိုင်ရာစာရင်းဇယားများနှင့် စာတမ်းအမှတ်အသားများကို ပြုစုထားရှိခြင်း၊ ထိန်းသိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ လုပ်ငန်းလိုင်စင်ရရှိသူက လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို သတ်မှတ်ပေးနိုင်သည်။

(ခ) ပုဒ်မ ၃၉ ပုဒ်မခွဲ (ဂ) အရဖွဲ့စည်းသည့် စစ်ဆေးရေးအဖွဲ့သည် ဦးစီးဌာန၏လွှဲအပ်တာဝန်ပေးချက် အရ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)၊ (၂) နှင့် (၃) တို့ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်နိုင်သည်။