ပုဒ်မ ၃ (ဆ)
ပုဒ်မ ၃ (ဆ)
သတ်မှတ်ထားသည့် ငွေရေးကြေးရေးအဖွဲ့အစည်းမဟုတ်သော အခြားစီးပွားရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း

သတ်မှတ်ထားသည့် ငွေရေးကြေးရေးအဖွဲ့အစည်းမဟုတ်သော အခြားစီးပွားရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း (Designated Non-Financial Businesses and Professions DNFBPs) ဆိုသည်မှာ အောက်ပါလုပ်ငန်းများကို ဆိုသည်-

(၁) ကာစီနို၊

(၂) အိမ်ခြံမြေ အကျိုးဆောင်၊

(၃) အဖိုးတန်သတ္တုနှင့် ကျောက်မျက်ရတနာ ရောင်းဝယ်ခြင်း၊

(၄) ဆက်သွယ်ဆောင်ရွက်သူ၏ ငွေကြေး သို့မဟုတ် ပစ္စည်းလွှဲပြောင်းမှု၊ လက်ခံမှု၊ အပ်နှံမှုများနှင့် စပ်လျဉ်း၍ အောက်ပါလုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးသော သို့မဟုတ် ဆောင်ရွက်ရန်ပြင်ဆင်ပေး သော ရှေ့နေ၊ နိုတြီပဗ္ဗလစ်နှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ သို့မဟုတ် စာရင်းကိုင်များ-

(ကက) မရွှေ့မပြောင်းနိုင်သော ပစ္စည်းရောင်းချခြင်းနှင့် ဝယ်ယူခြင်း၊

(ခခ) ငွေကြေးများ၊ ငွေချေးသက်သေခံလက်မှတ်များ သို့မဟုတ် အခြားပိုင်ဆိုင်သည့် ပစ္စည်းများကို စီမံခန့်ခွဲခြင်း၊

(ဂဂ) ဘဏ်စာရင်းများ၊ စုငွေစာရင်းများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်စာရင်းများကို စီမံခန့်ခွဲခြင်း၊

(ဃဃ) ကုမ္ပဏီအဖွဲ့အစည်းများထူထောင်မှု၊ လုပ်ငန်းလည်ပတ်မှု သို့မဟုတ် စီမံခန့်ခွဲမှုများအတွက် အထောက်အကူပြုဆောင်ရွက်ချက်များကို စုရုံးစီစဉ်ခြင်း၊

(ငင) ကုမ္ပဏီအဖွဲ့အစည်းများ သို့မဟုတ် အစီအစဉ်များ ထူထောင်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း၊ စီမံခန့်ခွဲ ခြင်း၊ စီးပွားရေးလုပ်ငန်းများကို ဝယ်ယူခြင်းနှင့် ရောင်းချခြင်း။

(၅) အောက်ပါ ယုံမှတ်အပ်နှံမှု သို့မဟုတ် ကုမ္ပဏီလုပ်ငန်းကို ဝန်ဆောင်မှုပေးခြင်း-

(ကက) ကုမ္ပဏီအဖွဲ့အစည်းများဖွဲ့စည်းရေးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း၊

(ခခ) ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူးအဖြစ်သော်လည်းကောင်း၊ အစုစပ်လုပ်ကိုင်သူ သို့မဟုတ် အခြားကုမ္ပဏီအဖွဲ့အစည်းတစ်ခု သို့မဟုတ် အစီအစဉ်တစ်ခုတွင် ယင်းအဆင့်နှင့် တူညီသောသူ အဖြစ်သော်လည်းကောင်း ဆောင်ရွက်ခြင်း၊

(ဂဂ) ကုမ္ပဏီတစ်ခု သို့မဟုတ် အစုစပ်လုပ်ငန်းတစ်ခု သို့မဟုတ် အခြားသောကုမ္ပဏီအဖွဲ့အစည်း သို့မဟုတ် အစီအစဉ်တစ်ခုအတွက် မှတ်ပုံတင်ရုံး သို့မဟုတ် နေရာထိုင်ခင်း သို့မဟုတ် လုပ်ငန်းလိပ်စာ သို့မဟုတ် စာပေးစာယူ သို့မဟုတ် အုပ်ချုပ်မှုလိပ်စာတို့ကို တာဝန်ယူပေးခြင်း။

(၆) ယုံမှတ်အပ်နှံမှုလုပ်ငန်းတစ်ခုတွင် ယုံကြည်အပ်နှံခံရသူအဖြစ် ဆောင်ရွက်ခြင်း သို့မဟုတ် အသင်းအဖွဲ့ တစ်ခုခု သို့မဟုတ် ဥပဒေရေးရာ စီစဉ်ဆောင်ရွက်မှုတစ်ခုခုတွင် ယင်းလုပ်ငန်းတာဝန်နှင့်တူညီစွာ ဆောင်ရွက် ခြင်း၊

(၇) သူတစ်ဦးအတွက် အမည်ခံအစုရှယ်ယာရှင်အဖြစ် ဆောင်ရွက်ခြင်း သို့မဟုတ် သူတစ်ဦးအတွက် အမည်ခံအစုရှယ်ယာရှင်အဖြစ် အခြားသူတစ်ဦးဦးက ဆောင်ရွက်ပေးစေရန် စီစဉ်ခြင်း။