ပုဒ်မ ၈၆
ပုဒ်မ ၈၆
ကလေးသူငယ် တရားစီရင်ရေး

ကလေးသူငယ်တရားရုံးသည် ရဲတပ်ဖွဲ့က စုံစမ်းနေစဉ်အတွင်းဖြစ်စေ၊ ကလေးသူငယ်တရားရုံးက စစ်ဆေးစီရင်နေစဉ်အတွင်းဖြစ်စေ ထွက်ပြေးတိမ်းရှောင်နေသော ကလေးသူငယ်ကို ဖမ်းဆီးမိပြီး သက်ဆိုင်ရာတရားရုံးသို့ စွဲဆိုတင်ပို့သည့်အချိန်တွင် အသက် ၁၈ နှစ် ပြည့်သွားသော ကလေးသူငယ် မှုခင်းနှင့်စပ်လျဉ်း၍-

(က) အသက် ၁၈ နှစ် ပြည့်ပြီး အသက်၂၀ နှစ် မပြည့်သေးလျှင် ကလေးသူငယ် ဖြစ်ဘိသကဲ့သို့ ဆက်လက်၍ ကြားနာစစ်ဆေးပြီး ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ရမည်။

(ခ) အသက် ၂၀ နှစ် ပြည့်ပြီးဖြစ်လျှင် အရွယ်ရောက်သူကို စစ်ဆေးစီရင်သည့် နည်းလမ်းအတိုင်း ကြားနာစစ်ဆေးပြီး ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ရမည်။ သို့ရာတွင် ပြစ်ဒဏ်ကို ကလေးသူငယ်ဖြစ်သည့် အလား ဤဥပဒေနှင့်အညီ ချမှတ်ရမည်။

ခြွင်းချက်။ ထိုသို့ချမှတ်သည့်အခါ ကလေးသူငယ်ကဲ့သို့ မိဘအုပ်ထိန်းသူထံ အပ်နှံခြင်း၊ ယာယီ စောင့်ရှောက်ရေးဂေဟာ သို့မဟုတ် သင်တန်းကျောင်းတစ်ခုခုသို့ ပို့အပ်ခြင်းမပြုနိုင်။