ငွေကြေးခဝါချမှုနှင့်သက်ဆိုင်သောပြစ်မှုများနှင့် ငွေကြေးခဝါချမှုအား စုံစမ်းစစ်ဆေးဖော်ထုတ် ရာတွင် အောက်ပါငွေကြေးနှင့် ပစ္စည်းများကို စစ်ဆေးဖော်ထုတ်ရမည်-
(က) ငွေကြေးခဝါချမှု သို့မဟုတ် ငွေကြေးခဝါချမှုနှင့် သက်ဆိုင်သောပြစ်မှုများကျူးလွန်ရာမှ ရရှိသည့် အကျိုးအမြတ်များ၊
(ခ) ငွေကြေးခဝါချမှု သို့မဟုတ် ငွေကြေးခဝါချမှုနှင့် သက်ဆိုင်သောပြစ်မှုများ ကျူးလွန်ရာတွင် အသုံးပြုသည့် သို့မဟုတ် အသုံးပြုရန်ရည်ရွယ်သည့် အသုံးပြုပစ္စည်းများ၊
(ဂ) အဆိုပါငွေကြေး၊ ပစ္စည်း သို့မဟုတ်မှုခင်းအကျိုးအမြတ်များကို ဖော်ထုတ်ရာတွင် အထောက်အကူ ဖြစ်စေသည့် သက်သေခံအထောက်အထားများ၊
(ဃ) ခဝါချထားသည့် ငွေကြေးများနှင့် ပစ္စည်းများ၊
(င) ပြစ်မှုကျူးလွန်ရာမှရရှိသည့် ငွေကြေးနှင့် ပစ္စည်းများအား စုံစမ်းဖော်ထုတ်ပြီးချိန်တွင် ထိန်းချုပ်ခြင်း၊ သိမ်းဆည်းခြင်းမပြုနိုင်ပါက တန်ဖိုးတူပစ္စည်းများ။