ပုဒ်မ ၅၁
ပုဒ်မ ၅၁
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

ဦးစီးဌာနသည် ပုဒ်မ ၂၉ သို့မဟုတ် ၃၅ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည် -

(က) သတိပေးခြင်း၊

(ခ) ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊

(ဂ) လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ယာယီ ရပ်ဆိုင်းခြင်း၊

(ဃ) လိုင်စင်ကို ပယ်ဖျက်ခြင်း။