ပုဒ်မ ၄၁၆
ပုဒ်မ ၄၁၆
သူတစ်ပါးအယောင်ဆောင်၍ လိမ်လည်ခြင်း

သူတစ်ဦးသည် သူတစ်ပါးအယောင်ဆောင်၍သော်လည်းကောင်း၊ သိလျက်နှင့် လူစားထိုး၍ သော်လည်းကောင်း၊ မိမိသည်သူတစ်ပါးဖြစ်ကြောင်း သို့မဟုတ် သူတစ်ဦးဦးသည် ထိုသူအစစ်အမှန် မဟုတ်သော အခြားသူဖြစ်ကြောင်း ပြောဆို၍သော်လည်းကောင်း လိမ်လည်လျှင် ထိုသူသည် သူတစ်ပါး အယောင်ဆောင်၍ လိမ်လည်သည်မည်၏။

ရှင်းလင်းချက်။ အယောင်ဆောင်ခြင်းခံရသူသည် တကယ်ရှိသည်ဖြစ်စေ၊ စိတ်ကူး၌သာရှိသည်ဖြစ်စေ အယောင်ဆောင်သူမှာ ဤပြစ်မှုကို ကျူးလွန်ရာရောက်သည်။

ဥပမာများ

(က) A သည် မိမိနှင့် အမည်တူချမ်းသာသော ဘဏ်လုပ်ငန်းရှင်တစ်ဦးဟန်ဆောင်၍ လိမ်လည်၏။ ဤတွင် A သည် သူတစ်ပါးအယောင်ဆောင်၍ လိမ်လည်သည်မည်၏။

(ခ) A သည် သေဆုံးသူ B ဟုဟန်ဆောင်၍ လိမ်လည်၏။ ဤတွင် A သည် သူတစ်ပါးယောင်ဆောင်၍ လိမ်လည်သည်မည်၏။