ပုဒ်မ ၄၅၁
ထောင်ဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်ရန် အိမ်ကျော်နင်းမှု
မည်သူမဆို ထောင်ဒဏ်ထိုက်သည့် ပြစ်မှုကိုကျူးလွန်ရန်အလို့ငှာ အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ အကယ်၍ ကျူးလွန်ရန် ကြံရွယ်သည့်ပြစ်မှုသည် ခိုးမှုဖြစ်ခဲ့သော် ထောင်ဒဏ်ကို ခုနစ်နှစ်ထိတိုး၍ ချမှတ်နိုင်သည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည်။
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ ပေးရမည်။
- တရားရုံး၏ခွင့်ပြုချက်ရလျှင် ကျေအေးခွင့် ရှိသည်။
- မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။
ကျူးလွန်ရန် ကြံရွယ်သည့်ပြစ်မှုသည် ခိုးမှုဖြစ်ခဲ့လျှင်-
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည်။
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ မပေးနိုင်
- ကျေအေးခွင့် မရှိ
- စက်ရှင်တရားရုံး သို့မဟုတ် မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။
Related Law