အမြတ်ဝေစုခွဲဝေခြင်း
(က) ဘဏ်သည် ၎င်း၏ အစုရှယ်ယာဝင်များသို့ ၎င်းရရှိသော အမြတ်ငွေများမှ အစုပေါ် အမြတ် ငွေပေးခြင်း သို့မဟုတ် နည်းလမ်းတစ်မျိုးမျိုးဖြင့် ခွဲဝေခြင်းကို သာပြုလုပ်ရမည်။
(ခ) ဘဏ်သည် ၎င်း၏ အစုရှယ်ယာဝင်များအား အစုပေါ်အမြတ်ငွေပေးခြင်း သို့မဟုတ် အမြတ်ခွဲဝေမှု နည်းလမ်းတစ်မျိုးမျိုးကို အောက်ပါအခြေအနေများတွင် ဆောင်ရွက်ခြင်း မပြုရ-
(၁) ရုပ်ဝတ္ထုပုံသဏ္ဌာန်ဖြင့် ရရန်ပိုင်ခွင့်များ၊ မသက်ဆိုင်သည့် ကြိုတင်အသုံးစရိတ်များနှင့် အခြားအသုံး စရိတ်များ အပါအဝင် ၎င်း၏ ငွေလုံးငွေရင်း အသွင်ပြောင်း အသုံးစရိတ်များအားလုံးကို လုံးဝပယ်ဖျက်မှု မရှိသေးခြင်း၊
(၂) ၎င်း၏ ရရန်ပိုင်ခွင့်များ တန်ဖိုးစုစုပေါင်းသည် ပေးရန်တာဝန် စုစုပေါင်းတန်ဖိုးနှင့် မတည်ရင်းနှီး ငွေစုစုပေါင်းတန်ဖိုးထက် လျော့နည်းနေခြင်း၊
(၃) ဘဏ်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ် အရ သတ်မှတ်ချက်ကိုဖြစ်စေ ချိုးဖောက်ခြင်း။