ပုဒ်မ ၉
ပုဒ်မ ၉
လိုင်စင်

နိုင်ငံခြားဘဏ်တစ်ခုခုသည် နိုင်ငံတော်တွင် မိမိ၏လက်အောက်ခံဘဏ် သို့မဟုတ် ဘဏ်ခွဲတစ်ခုခု ဖွင့်လှစ်တည်ထောင်၍ ဘဏ်လုပ်ငန်းလုပ်ကိုင်နိုင်ရေးအတွက် လိုင်စင်ရရှိရန် ဗဟိုဘဏ်သို့ သတ်မှတ်ပုံစံ ဖြင့် လျှောက်ထားရမည်။ ယင်းသို့ လျှောက်ထားရာတွင် ပုဒ်မ ၈ ပါ စာတမ်းအမှတ်အသားများ အပြင် အောက်ပါစာတမ်း အမှတ်အသားများကိုပါ ပူးတွဲတင်ပြရမည်-

(က) အပြည်ပြည်ဆိုင်ရာ မြီရှင်အဆင့်သတ်မှတ်သည့် အေဂျင်စီတစ်ခုက မြီရှင်အဆင့် သတ်မှတ်သည့် အစီရင်ခံစာ (Credit rating report) ၊

(ခ) မတည်ငွေရင်း အခြေအနေဖော်ပြချက်နှင့် စုစုပေါင်းရရန်ပိုင်ခွင့်နှင့် မတည်ငွေရင်းအရ မိခင်နိုင်ငံ၌ လည်းကောင်း၊ ကမ္ဘာလုံး ဆိုင်ရာ၌လည်းကောင်း မိမိဘဏ်၏ အဆင့်သတ်မှတ်ချက်၊

(ဂ) နိုင်ငံခြားဘဏ်က နိုင်ငံတော်ရှိ မိမိ၏လက်အောက်ခံဘဏ် သို့မဟုတ် ဘဏ်ခွဲ၏ လုပ်ငန်းဆောင် ရွက်မှုများနှင့် စပ်လျဉ်းသည့် တာဝန်များအားလုံးကို ကာမိစေမည့် ငွေကြေးရန်ပုံငွေ ထည့်ဝင်မည်ဖြစ် ကြောင်း ကတိပြုဝန်ခံစာ၊

(ဃ) နိုင်ငံခြားဘဏ်၏ အဓိကလုပ်ငန်းနေရာ တည်ရှိသည့်နိုင်ငံ၏ ဘဏ်လုပ်ငန်း ကြပ်မတ်ကွပ်ကဲသူက အောက်ပါအချက်များအတွက် ထောက်ခံစာ-

(၁) နိုင်ငံခြားဘဏ်သည် ထိုနိုင်ငံတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ရန် တရားဝင်လိုင်စင် ရရှိထားကြောင်း၊

(၂) နိုင်ငံခြားဘဏ်ကို ထိုနိုင်ငံ၏ ဥပဒေအရ နိုင်ငံတော်တွင် လက်အောက်ခံဘဏ် သို့မဟုတ် ဘဏ်ခွဲ ဖွင့်လှစ်လုပ်ကိုင်ရန် ခွင့်ပြုထားကြောင်း၊

(၃) နိုင်ငံခြားဘဏ်၏ ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ထိုရာထူးအတွက် သင့်လျော်မှန်ကန်မှု မရှိ သည့် အချက်အလက်များ မတွေ့ရှိရကြောင်း။