ပုဒ်မ ၃ (န)
ပုဒ်မ ၃ (န)
ငွေကြေး

ငွေကြေး ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သို့မဟုတ် ပြည်ပနိုင်ငံတစ်ခုခုက ထုတ်ဝေထားပြီး တရားဝင်လဲလှယ်အသုံးပြုနိုင်သည့် ငွေဒင်္ဂါး၊ ငွေအကြွေနှင့် ငွေစက္ကူ၊ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း ဖြစ်သည့် ငွေပေးကတိစာချုပ်၊ ငွေလွှဲလက်မှတ်၊ ချက်လက်မှတ်၊ ငွေချေးစာချုပ်၊ ငွေတိုက်စာချုပ်၊ ကြွေးမြီ အာမခံစာချုပ်၊ နိုင်ငံခြားသုံးငွေများ၊ ယင်းငွေများနှင့် ဆက်စပ်နေသော စာချုပ်စာတမ်းတစ်မျိုးမျိုး သို့မဟုတ် လက်မှတ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် သို့မဟုတ် ပြည်ပနိုင်ငံတစ်ခုခုက အီလက်ထရောနစ် နည်းလမ်းဖြင့် တရားဝင်ထုတ်ဝေအသုံးပြုလျက်ရှိပြီး ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများတွင် အသုံးပြုလျက်ရှိသည့် ဒီဂျစ်တယ် ငွေကြေးကိုဆိုသည်။