(က) သစ်တောအရာရှိ သို့မဟုတ် အုပ်ချုပ်ရေးမှူးက ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ကို မကျေနပ်သူသည် ယင်းအမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ အယူခံနိုင်သည်။
(ခ) ညွှန်ကြားရေးမှူးချုပ်သည် သစ်တောအရာရှိ သို့မဟုတ် အုပ်ချုပ်ရေးမှူးက ချမှတ်ထား သည့် အမိန့်အပေါ် အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုနိုင်သည်။
(ဂ) ညွှန်ကြားရေးမှူးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။