အီလက်ထရောနစ်သတင်းအချက်အလက် ဆိုသည်မှာ ဖက်စ်၊ အီးမေးလ်တို့ အပါအဝင် အီလက် ထရောနစ်နည်းပညာဖြင့်ဖြစ်စေ၊ လျှပ်စစ်သံလိုက်လှိုင်း နည်းပညာဖြင့်ဖြစ်စေ၊ အခြားနည်းပညာ တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖန်တီးထားသော၊ ပေးပို့သော၊ လက်ခံသော သို့မဟုတ် သိုမှီးထိန်းသိမ်းထားသော သတင်းအချက်အလက်ကို ဆိုသည်။