မည်သူမဆို ထောင်ဒဏ်ထိုက်သည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန်အလို့ငှာ ညဉ့်အချိန် ပုန်းလျှိုး အိမ်ကျော်နင်းမှုကိုဖြစ်စေ၊ ညဉ့်အချိန် အိမ်ဖောက်ထွင်းမှုကိုဖြစ်စေ ကျူးလွန်လျှင် ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အကယ်၍ ကျူးလွန်ရန် ကြံရွယ်သည့်ပြစ်မှုသည် ခိုးမှုဖြစ်ခဲ့သော် ထောင်ဒဏ်ကို ဆယ့်လေးနှစ်ထိတိုး၍ ချမှတ်နိုင်သည်။
စက်ရှင်တရားရုံး သို့မဟုတ် မည်သည့်တရားသူကြီးမဆို စစ်ဆေးနိုင်သည်