မည်သူမဆို ပုန်းလျှိုးအိမ်ကျော်နင်းမှုကိုသော်လည်းကောင်း၊ အိမ်ဖောက်ထွင်းမှုကိုသော်လည်း ကောင်း ကျူးလွန်စဉ် သူတစ်ဦးဦးအား အပြင်းအထန်နာကျင်စေမှုကိုဖြစ်စေလျှင် သို့မဟုတ် သူတစ်ဦးဦး အား သေစေရန်ဖြစ်စေ၊ အပြင်းအထန်နာကျင်စေရန်ဖြစ်စေ အားထုတ်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်သော်လည်းကောင်း၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးသော်လည်းကောင်း ချမှတ်ရမည့်ပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်။