မည်သူမဆို ခြောက်လှန့်တောင်းယူမှုကိုကျူးလွန်ရန် သူတစ်ဦးဦးကိုဖြစ်စေ၊ အခြားသူတစ်ဦးဦးကို ဖြစ်စေ သေဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ် သို့မဟုတ် ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ထိုက်သော ပြစ်မှုမျိုးကျူးလွန်ကြောင်း သို့မဟုတ် ထိုပြစ်မှုမျိုးကိုကျူးလွန်ရန် အားထုတ်ကြောင်း စွပ်စွဲမည်ဟု ကြောက်ရွံ့အောင်ပြုလျှင် သို့မဟုတ် ထိုသို့ပြုရန် အားထုတ်လျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင်အထက်ပါ ပြစ်မှုမျိုးသည် ပုဒ်မ ၃၇၇ အရ ပြစ်ဒဏ် ထိုက်သော ပြစ်မှုဖြစ်လျှင် ထိုသူကို ထောင်ဒဏ်နှစ်နှစ်ဆယ် ချမှတ်နိုင်သည်။
စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။