ပုဒ်မ ၂၇၆
ပုဒ်မ ၂၇၆
ဆေးဖက်ဝင်ဝတ္ထု တစ်မျိုးကို သို့မဟုတ် ဖော်စပ်ပြီးသော ဆေးတစ်မျိုးကို အခြားဆေးဖက်ဝင်တစ်မျိုး အဖြစ်ဖြင့် ရောင်းချခြင်း

မည်သူမဆို ဆေးဖက်ဝင်ဝတ္ထုတစ်မျိုးကို သို့မဟုတ် ဖော်စပ်ပြီး ဆေးတစ်မျိုးကို အခြား တစ်မျိုးဖြစ်မှန်းသိလျက်နှင့် ဆေးဝါးကိစ္စအလို့ငှာ ရောင်းချလျှင် သို့မဟုတ် ရောင်းချရန် ကမ်းလှမ်းလျှင် သို့မဟုတ် ရောင်းချရန်ပြသလျှင် သို့မဟုတ် ဆေးပေးခန်းမှ ထုတ်ပေးလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့်  တရားသူကြီးမဆို စစ်ဆေးနိုင်သည်