(က) အောက်ပါနည်းလမ်းတစ်ရပ်ရပ်နှင့် ညီညွတ်သော အီလက်ထရောနစ် စာတမ်းအမှတ်အသား ကို အကောင်းဆုံး သက်သေခံချက်နည်းလမ်းအဖြစ် လက်ခံနိုင်သည်-
(၁) အီလက်ထရောနစ် စာတမ်းအမှတ်အသားတွင် မှတ်တမ်းတင်ခြင်း သို့မဟုတ် သိမ်းဆည်းခြင်းပြု ထားသော အီလက်ထရောနစ်စာတမ်းအမှတ်အသားများစနစ်၏ ယုံကြည်စိတ်ချရမှုကို သက်သေ ပြ သခြင်း၊
(၂) အခိုင်အမာ သက်သေထင်ရှားပြသထားသည်ဟု မှတ်ယူခြင်း။
(ခ) ပုဒ်မခွဲ (က)တွင် မည်သို့ပင်ဆိုစေကာမူ ဆန့်ကျင်ကွဲလွဲသည့် သက်သေခံချက် မတင်ပြနိုင်သည့်ကိစ္စ ၌ ပုံနှိပ်စက်မှ ထုတ်ပေးသောစာသည် မှတ်တမ်းတင်သည့် သို့မဟုတ် သိမ်းဆည်းသည့် သတင်းအချက် အလက် မှတ်တမ်းတစ်ခုအဖြစ် ထင်ရှားစွာ သို့မဟုတ် လိုက်လျောညီစွာ ပြုလုပ်ထားလျှင် ထိုသို့ထုတ် ပေးသော အီလက်ထရောနစ်စာတမ်း အမှတ်အသားစာသည် အကောင်းဆုံးသက်သေခံနည်းလမ်းအဖြစ် ကျေနပ်လက်ခံနိုင်သည်။