ပုဒ်မ ၁၂၈
ပုဒ်မ ၁၂၈
အီလက်ထရောနစ် ငွေကြေး၊ အီလက်ထရောနစ် ဘဏ်လုပ်ငန်းနှင့် မိုဘိုင်းဘဏ်လုပ်ငန်း

အီလက်ထရောနစ် ငွေကြေး ဆိုသည်မှာ အောက်ပါနည်းလမ်းတစ်ရပ်ရပ်အရ ကတ်ထုတ်ဝေသူ အပေါ် တောင်းခံနိုင်သည့် ငွေကြေးတန်ဖိုးကို ဆိုသည်-

(က) ကတ်တစ်ခုခုအပါအဝင် ငွေကြေးတန်ဖိုး သိုမှီးထားသော အီလက်ထရောနစ် ကိရိယာ၊

(ခ) လက်ခံရရှိသည့် ငွေကြေးတန်ဖိုးထက်မပိုသည့် ထုတ်ပေးရန် ငွေပမာဏ၊

(ဂ) ကတ်ထုတ်ဝေသူ အပါအဝင် အခြားပုဂ္ဂိုလ်များက ငွေပေးချေမှု နည်းလမ်းအဖြစ် လက်ခံခြင်း။