ပုဒ်မ ၄၄၂
ပုဒ်မ ၄၄၂
အိမ်ကျော်နင်းမှု

မည်သူမဆို လူနေအိမ်အဖြစ် အသုံးပြုသည့် အဆောက်အအုံကိုဖြစ်စေ၊ တဲကိုဖြစ်စေ၊ ရေယာဉ်ကို ဖြစ်စေ၊ ကိုးကွယ်ဝတ်ပြုသောနေရာအဖြစ်ဖြင့်သော်လည်းကောင်း ပစ္စည်းသိုလှောင်ထိန်းသိမ်းသော နေရာအဖြစ်ဖြင့်သော်လည်းကောင်း အသုံးပြုသည့် အဆောက်အအုံကိုဖြစ်စေ ဝင်ရောက်ခြင်းဖြင့် သို့မဟုတ် ဆက်လက်ရှိနေခြင်းဖြင့် ရာဇဝတ်မကင်းသောကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူသည် “အိမ်ကျော်နင်းမှု” ကို ကျူးလွန်သည်မည်၏။

ရှင်းလင်းချက်။ ရာဇဝတ်မကင်းသော ကျော်နင်းမှုကျူးလွန်သူ၏ ကိုယ်အင်္ဂါတစ်ခုခုဝင်ရောက်ခြင်းသည် အိမ်ကျော်နင်းမှုကို ကျူးလွန်ခြင်းမြောက်ရန် လုံလောက်သည်။