ပုဒ်မ ၅၇
ပုဒ်မ ၅၇
လုပ်ကိုင်ခွင့်ပြုသည့် ဘဏ်လုပ်ငန်းများ

မည်သည့်ဘဏ်မျှ ဗဟိုဘဏ်က သတ်မှတ်သည့် ၎င်း၏ မတည်ရင်းနှီးငွေ၏ အချိုးအစားတစ်ရပ် ထက်ပို၍ အောက်ပါကိစ္စရပ်များမှအပ မရွှေ့မပြောင်းနိုင်သော ပိုင်ဆိုင်ပစ္စည်းများ ဝယ်ယူခြင်း သို့မဟုတ် အခြားနည်းဖြင့် ရယူခြင်း မပြုရ-

(က) ဘဏ်လုပ်ငန်း ဆောင်ရွက်ခြင်းအတွက် သော်လည်းကောင်း၊ ၎င်း၏ ဝန်ထမ်းများအတွက် အိမ်ရာ သို့မဟုတ် အခြားခံစား ခွင့်များ ပံ့ပိုးပေးရန်အတွက်သော်လည်းကောင်း ရယူခြင်း၊

(ခ) ချေးငွေအတွက် အာမခံအဖြစ် မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လက်ခံရယူခြင်း။