ပုဒ်မ ၅၈
ပုဒ်မ ၅၈
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

(က) ဦးစီးဌာနက ပုဒ်မ ၅၇ အရချမှတ်သော စီမံခန့်ခွဲရေးဆိုင်ရာအမိန့်တစ်ရပ်ရပ်ကို မကျေနပ်သူ သည် ယင်းအမိန့်ချမှတ်သည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ အယူခံခြင်းအပေါ် ဝန်ကြီးဌာနသည်-

(၁) လိုအပ်ပါက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

(၂) ဦးစီးဌာန၏အမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။