ပုဒ်မ ၁၉
ပုဒ်မ ၁၉
နည်းဥပဒေစသည်တို့ပြုလုပ်ခြင်း၊ အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း

ဥပဒေတရပ်ရပ်အရ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့် ကြော်ငြာစာနှင့် အမိန့်တခုခု၌ ပါရှိသော စကားရပ်များ၏အဓိပ္ပါယ်သည် ယင်းဥပဒေတွင် အနက်အဓိပ္ပါယ် ဖွင့်ဆိုသည့်အတိုင်း ဖြစ်စေရမည်။ သို့ရာတွင် အခြားနည်းအဓိပ္ပါယ် ဖွင့်ဆိုရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းလျှင် ယင်းသို့ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်စေရမည်။