ပုဒ်မ ၁၇
ပုဒ်မ ၁၇
တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်များ တည်ထောင်ခြင်း

သစ်တောဦးစီးဌာနသည် ကော်မတီကဖြစ်စေ၊ ဝန်ကြီးကဖြစ်စေ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည် -

(က) သိပ္ပံကြိုးဝိုင်းအတွင်း သဘာဝသိပ္ပံဆိုင်ရာ ဖြစ်စဉ်ပြောင်းလဲမှုများကို သုတေသနပြုလုပ် နိုင်ရန် ကာကွယ်ထိန်းသိမ်းခြင်း၊

(ခ) အမျိုးသားဥယျာဉ်အတွင်း ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် သဘာဝအနေ အထားကို ထိခိုက်ပျက်စီးမှုမရှိစေဘဲ သုတေသနပြုလုပ်နိုင်ရန်နှင့် အများပြည်သူ ကြည့်ရှု လေ့လာ အပန်းဖြေနိုင်ရန် ခွင့်ပြုခြင်း၊

(ဂ) အဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း သဘာဝအတိုင်း ပေါက်ဖွားကျက်စားနေသော သတ္တဝါ များနှင့် ယင်းတို့၏ နေရင်းဒေသများ၊ သန္တာကျောက်တန်းများ၊ ကျောက်ပန်း ကျောက်ခက်များ၊ ရေညှိရေမှော်များ၊ ရေအောက်အပင်များ၊ ကမ်းခြေတစ်လျှောက်နှင့် မြစ်ဝများတွင် ပေါက်ဖွား ကျက်စားနေသော တောရိုင်းတိရစ္ဆာန်များနှင့် ယင်းတို့၏ နေရင်းဒေသများကို သဘာဝအတိုင်း တည်ရှိနေစေရန် ကာကွယ်ထိန်းသိမ်းခြင်း၊

(ဃ) သဘာဝကြိုးဝိုင်းအတွင်း ထူးခြားထင်ရှားသော သဘာဝအပင်များနှင့် သဘာဝအတိုင်း ဆင့်ကဲဖြစ်ပေါ်နေသော ဂေဟစနစ်များရေရှည်တည်တံ့နေစေရန် ကာကွယ်ထိန်းသိမ်းခြင်း၊

(င) တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း တောရိုင်းတိရစ္ဆာန်များ အနှောင့်အယှက် ကင်းရှင်းစွာ ကျက်စားနိုင်ရန် ကာကွယ်ထိန်းသိမ်းခြင်းနှင့် ရာသီအလိုက် ဒေသပြောင်းရွှေ့ ကျက်စားလေ့ရှိသော ငှက်များရောက်ရှိရာ၊ ရပ်နားရာ၊ ပေါက်ဖွားရာ ဒေသများနှင့် ရေဝပ်ဒေသ များကို ထိန်းသိမ်းရေးအတွက် ပြည်တွင်း သို့မဟုတ် ပြည်ပအစိုးရဌာနများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်း၊

(စ) ဘူမိရုပ်သွင်ထူးခြားသည့် နယ်မြေအတွင်း ထူးခြားလှပသော သဘာဝအနေအထားများနှင့် ရိုးရာဓလေ့များဖြင့် ထင်ရှားသည့်ဒေသများကို ထိန်းသိမ်းခြင်း၊

(ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက စီမံခန့်ခွဲသော ဒေသခံအစုအဖွဲ့ သဘာဝ ထိန်းသိမ်းရေးနယ်မြေများ၏ စီမံခန့်ခွဲရေးနှင့် စပ်လျဉ်း၍ နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းပေးခြင်း။