ပုဒ်မ ၄၈၉-က
ပုဒ်မ ၄၈၉-က
ငွေစက္ကူများကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်များကိုဖြစ်စေ အတုပြုခြင်း

မည်သူမဆို ငွေစက္ကူကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ အတုပြုလုပ်လျှင် သို့မဟုတ် မိမိ သိလျက်နှင့် ထိုသို့ အတုပြုမှု လုပ်ငန်းအဆင့်တစ်ခုခုကိုပြုလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ရှင်းလင်းချက်။ ဤပုဒ်မနှင့် ပုဒ်မ ၄၈၉-ခ၊ ၄၈၉-ဂ၊ ၄၈၉-ဃ များ၏ ကိစ္စအလို့ငှာ ဘဏ်ငွေလက်မှတ် ဆိုသည်မှာ ကမ္ဘာပေါ်ရှိ အရပ်ဒေသတစ်ခုခု၌ ဘဏ်လုပ်ငန်းကို လုပ်ကိုင်သူက ထုတ်သည်လည်းဖြစ်၍ သို့မဟုတ် နိုင်ငံတော်ကဖြစ်စေ၊ အချုပ်အခြာအာဏာပိုင်ကဖြစ်စေ၊ နိုင်ငံတော်၏ အမိန့်အရဖြစ်စေ၊ အချုပ်အခြာအာဏာပိုင်၏ အမိန့်အရဖြစ်စေ ထုတ်သည်လည်းဖြစ်၍ ငွေနှင့် အလားတူသော်လည်း ကောင်း၊ ငွေအစားသော်လည်းကောင်း သုံးစွဲရန်ကြံရွယ်သည်လည်းဖြစ်သော ငွေပေးကတိစာချုပ်ကို သို့မဟုတ် ဝန်ခံချက်စာတမ်းကိုဆိုသည်။ ထိုငွေပေးကတိစာချုပ်နှင့် ဝန်ခံချက်စာတမ်းတို့သည် ယူဆောင် လာသူ တောင်းခံသည့်အခါတွင် ယူဆောင်လာသူအား ငွေပေးရန်ဖြစ်သော အရာများဖြစ်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ 
  5. စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။