ပုဒ်မ ၁၁၆
ပုဒ်မ ၁၁၆
မြီရှင်များ၏ အခွင့်အရေးများ

 (က) ဖျက်သိမ်းခြင်း သို့မဟုတ် ဆန္ဒအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းအား စတင်ရန် အတည်ပြုချက်သည် စာရှင်းရှင်းလင်း ဖျက်သိမ်းမည့် ဘဏ်တစ်ခု၏ ငွေအပ်နှံသူ သို့မဟုတ် အခြား သော မြီရှင်သို့ပေးချေရမည့် တောင်းခံမှုများအားလုံးအား တောင်းခံခွင့်များ သို့မဟုတ် ဘဏ်တွင်ထိန်း သိမ်း ထားသည့်ငွေ သို့မဟုတ် အခြားပစ္စည်းပိုင်ရှင်၏ လုပ်ပိုင်ခွင့်များအား ထိခိုက်နစ်နာစေခြင်း မရှိစေရ။

(ခ) ဥပဒေနှင့်အညီ တောင်းခံမှုများအား ချက်ချင်းပေးရမည်ဖြစ်ပြီး စာရင်းရှင်းလင်း ဖျက်သိမ်းမည့် ဘဏ်က ထိန်းသိမ်းထားသည့်ငွေ သို့မဟုတ် အခြားပစ္စည်းများအား ဗဟိုဘဏ်က သတ်မှတ်ပေးသည့် အမြင့်ဆုံးကာလအတွင်း ပိုင်ဆိုင်ခွင့်ရှိသူ ပိုင်ရှင်ထံ ပြန်လည် ပေးရမည်။