ပုဒ်မ ၁၀၁
ပုဒ်မ ၁၀၁
အုပ်ချုပ်သူ၏ အစီရင်ခံစာ

 (က) ဗဟိုဘဏ်က အုပ်ချုပ်သူခန့်ထားသည့် သတ်မှတ်ကာလအတွင်း ဘဏ်၏ အုပ်ချုပ်သူ သည် ထိုအဖွဲ့အစည်း၏ ဘဏ္ဍာရေးအခြေအနေနှင့် အနာဂတ်ရည်မှန်းချက်များအတွက် အစီရင်ခံစာတစ် စောင်ကို ပြုစုပြီး ဗဟိုဘဏ်သို့ တင်ပြရမည်။

(ခ) အုပ်ချုပ်သူသည် ၎င်း၏ အစီရင်ခံစာတွင် ဘဏ်ကို စာရင်းရှင်းလင်းဖျက်သိမ်းရာ၌ ရရှိနိုင်သည့် ရရန်ပိုင်ခွင့်များ ပမာဏ ပါရှိစေရမည်။

(ဂ) အစီရင်ခံစာတွင် အဆိုပြုအောက်ပါအရေးယူဆောင်ရွက်မှု အစီအစဉ်ကို ဆောင်ရွက်ရာ၌ ကုန်ကျ စရိတ်နှင့် အကျိုးအမြတ် များ ပူးတွဲပါဝင်စေရမည်-

(၁) အရေးယူဆောင်ရွက်မှု အစီအစဉ်ကို လိုက်နာဆောင်ရွက်ရာ၌ ဘဏ်သို့ပြန်လည်အပ်နှံရမည့် အစီ အစဉ်၊

(၂) ဤဥပဒေ အခန်း(၁၅)အရ ဘဏ်ကို ပြန်လည်ထူထောင်မှု အစီအစဉ်၊

(၃) ဤဥပဒေ အခန်း(၁၇)အရ မိမိဆန္ဒအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း အစီအစဉ်၊

(၄) ဘဏ်၏ လိုင်စင်ကိုဖျက်သိမ်းခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း အစီအစဉ် နှင့်

(၅) ဘဏ်အနေဖြင့် လူမွဲစာရင်းခံယူမှုစတင်ရန် ဆောင်ရွက်ခြင်း။