ပုဒ်မ ၃၇၂
ပုဒ်မ ၃၇၂
အရွယ်မရောက်သေးသူကို ပြည့်တန်ဆာကိစ္စ စသည်များအလို့ငှာရောင်းချမှု

ပြည့်တန်ဆာအလို့ငှာဖြစ်စေ၊ သူတစ်ဦးနှင့် မတရားသဖြင့် ကာမစပ်ယှက်စေရန် အလို့ငှာဖြစ်စေ၊ ဥပဒေနှင့်မညီသည့် အကျင့်ပျက်ပြားသောကိစ္စအလို့ငှာဖြစ်စေ၊ မည်သည့်အသက်အရွယ်၌မဆို စေခိုင်းရန် သို့မဟုတ် အသုံးပြုရန် အကြံနှင့် သော်လည်းကောင်း၊ ထိုကိစ္စတစ်ရပ်ရပ်အလို့ငှာ စေခိုင်းခြင်းခံရမည် ဖြစ်တန်ရာ သည်ကို သို့မဟုတ် အသုံးပြုခြင်းခံရမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့် သော်လည်းကောင်း မည်သူမဆို အသက်ဆယ့်ရှစ်နှစ်အောက်ရှိ သူတစ်ဦးဦးကိုရောင်းချလျှင်၊ ငှားရမ်းခွင့် ပြုလျှင် သို့မဟုတ် အခြားနည်း စီမံခန့်ခွဲလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ရှင်းလင်းချက် ၁။မည်သူမဆို အသက်ဆယ့်ရှစ်နှစ်အောက် မိန်းမတစ်ဦးကို ပြည့်တန်ဆာ တစ်ဦးသို့ ဖြစ်စေ၊ ပြည့်တန်ဆာအိမ်ထားရှိသူ သို့မဟုတ် စီမံကြီးကြပ်သူသို့ဖြစ်စေ ရောင်းချ လျှင် သို့မဟုတ် ငှားရမ်းခွင့်ပြုလျှင် သို့မဟုတ် အခြားနည်း စီမံခန့်ခွဲလျှင် ထိုသူကို ထိုသို့မပြုကြောင်း သက်သေထင်ရှားမရှိသမျှ ထိုမိန်းမအား ပြည့်တန်ဆာကိစ္စ အလို့ငှာ အသုံးပြုရန်အကြံဖြင့် လက်လွှဲ ပြောင်းသည်ဟု မှတ်ယူရမည်။
ရှင်းလင်းချက် ၂။ဤပုဒ်မကိစ္စအလို့ငှာ “မတရားသဖြင့် ကာမစပ်ယှက်ခြင်း” ဆိုသည်မှာ တရားဝင် ထိမ်းမြားခြင်းဖြင့်သော်လည်းကောင်း၊ တရားဝင်ထိမ်းမြားခြင်းပင် မမြောက် သော်လည်း သက်ဆိုင်ရာသူတို့၏ မျိုးရိုးဘာသာဥပဒေ အရဖြစ်စေ၊ ဓလေ့ထုံးစံအရ ဖြစ်စေ သက်ဆိုင်သူတို့သည် လူမျိုးစုကွဲများဖြစ်လျှင် ထိုလူမျိုးစုနှစ်စုတို့၏ မျိုးရိုး ဘာသာဥပဒေအရဖြစ်စေ၊ ဓလေ့ထုံးစံအရဖြစ်စေ ထိမ်းမြားခြင်းမြောက်သကဲ့သို့ အသိအမှတ်ပြုသော စုံဖက်ခြင်းဖြင့် သို့မဟုတ် နှောင်ဖွဲ့ခြင်းဖြင့်သော်လည်းကောင်း ပေါင်းဖက်ခြင်း မဟုတ်သော ကာမစပ်ယှက်ခြင်းကို ဆိုလိုသည်။

 

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5.  စက်ရှင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။