ပုဒ်မ ၄၇
ပုဒ်မ ၄၇
ပညာရေးဆိုင်ရာ အခွင့်အရေးများ

ပညာရေးဝန်ကြီးဌာနသည်-

(က) ကလေးသူငယ်များ ပညာသင်ယူမှုဆိုင်ရာအခွင့်အရေး ထိရောက်စွာ ခံစားခွင့်ရရှိစေရန် လိုအပ် သော နိုင်ငံတော်၏ အထောက်အပံ့နှင့် အရင်းအမြစ်များ ခွဲဝေချထားပေးရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရမည်။

(ခ) နိုင်ငံတော်က ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများတွင် သတ်မှတ်ထားသော အဆင့်အထိ အခမဲ့ပညာသင်ယူခွင့်ရှိစေရန် ဦးတည်ဖော်ဆောင်ရမည်။

(ဂ) ကလေးသူငယ်များကို ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိနိုင်စေရန် ကျောင်းအပ်နှံရေး၊ ကျောင်းမှန်မှန်တက်ရေး၊ ကျောင်းထွက်နှုန်း ကျဆင်းရေးတို့အတွက် လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ရမည်။

(ဃ) နိုင်ငံတော်က ဖွင့်လှစ်သောကျောင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သော ကလေးသူငယ်များနှင့် ပညာသင်ယူနိုင်ခြင်းမရှိသော ကလေးသူငယ်များ ပညာသင်ယူခွင့်ရရှိရေး အတွက် ကျောင်းပြင်ပပညာရေးအပါအဝင် အခြားသောလက်တွေ့အသုံးချနိုင်သည့် အသက်မွေး ဝမ်းကျောင်းပညာသင်ကြားရေးဆိုင်ရာ အစီအစဉ်များ ချမှတ်ဆောင်ရွက်ရမည်။

(င) တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးစံများ ဖွံ့ဖြိုး စေရန် သင်တန်းများဖွင့်လှစ်သင်ကြားရေးအတွက် ကူညီဆောင်ရွက်ရမည်။