(က) မည်သူမဆို အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံးလေးလမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် လေးသိန်းမှ အများဆုံး ကျပ်ခြောက်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်-
(၁) တည်ထောင်ခွင့်ပြုမိန့်မရှိဘဲ ပရဟိတဂေဟာ သို့မဟုတ် ယာယီစောင့်ရှောက်ရေးဂေဟာတစ်ခုခုကို တည်ထောင်ဖွင့်လှစ်ခြင်း၊
(၂) ပုဒ်မ ၉၆၊ ပုဒ်မခွဲ (ဃ) ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ခြင်း။
(ခ) မည်သူမဆို ကလေးသူငယ်အား အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ငါးလမှ အများဆုံး နှစ်နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်-
(၁) အရက်၊ ဘီယာ အရောင်းအဝယ်ပြုလုပ်သော လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ရန်ခန့်အပ်ခြင်း၊ ခိုင်းစေခြင်း သို့မဟုတ် ခွင့်ပြုခြင်း၊
(၂) လိင်ပိုင်းဆိုင်ရာလုပ်ငန်းနှင့် ဆက်စပ်သည့် ကပွဲ (dayclub၊ nightclub)၊ ကာရာအိုကေ အနှိပ်ခန်းစသည့် နေရာတစ်ခုခုတွင် အလုပ်လုပ်ရန် ခိုင်းစေခြင်း၊ အလုပ်လုပ်သည်ကို ခွင့်ပြုခြင်း။