(က) ပြင်ပစာရင်းစစ်သည် စာရင်းစစ်အစီရင်ခံစာကို သက်ဆိုင်ရာဘဏ်နှင့် ဗဟိုဘဏ်သို့ တင်ပြရ မည်။
(ခ) ပုဒ်မခွဲ(က)အရ စာရင်းစစ်အစီရင်ခံစာကို ဗဟိုဘဏ်သို့တင်ပြသည့်အခါ ပြင်ပစာရင်းစစ်သည် ထိုအစီရင်ခံစာနှင့်အတူ ဘဏ်၏ စာရင်းစစ်ဆေးချက်နှင့် ဆက်စပ်သော အခြားအစီရင်ခံစာများတွင် ဗဟိုဘဏ်က သတ်မှတ်သည့် စာတမ်း အမှတ်အသားများ ပူးတွဲ၍ တင်ပြရမည်။