ပုဒ်မ ၃၇၆
ပုဒ်မ ၃၇၆
မုဒိမ်းမှုအတွက် ပြစ်ဒဏ်

(၁) မည်သူမဆို ပုဒ်မခွဲ(၂) နှင့် (၃) တို့ပါ မုဒိမ်းမှုများမှတစ်ပါး မုဒိမ်းမှု ကျူးလွန်လျှင် ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ် နိုင်သည်။

(၂) မည်သူမဆို အသက်ဆယ့်နှစ်နှစ်အောက်မဟုတ်သော မိမိ၏မယားကို မုဒိမ်းမှုကျူးလွန်လျှင် နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

(၃) မည်သူမဆို အသက်ဆယ့်နှစ်နှစ်အောက်အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်လျှင် ထောင်ဒဏ် တစ်သက် ဖြစ်စေ၊ ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး

ယောကျာ်းတစ်ယောက်သည် အသက်ဆယ့်နှစ်နှစ်အောက်မဟုတ်သော မိမိ၏မယားကို မုဒိမ်းကျင့်လျှင်-

  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ

စက်ရှင် တရားရုံး သို့မဟုတ် ခရိုင်တရားသူကြီးက စစ်ဆေးနိုင်သည်။

ယောကျာ်းတစ်ယောက်သည် အသက်ဆယ့်နှစ်နှစ်အောက်ဖြစ်သော မိမိ၏မယားကို မုဒိမ်းကျင့်လျှင်-

  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ

စက်ရှင် တရားရုံးက စစ်ဆေးနိုင်သည်။

အခြားမှုများတွင်-

  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ

စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။