မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရ မည်-
(က) မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သောသဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူ ခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း၊
(ခ) သတင်းအချက်အလက်ပို့လွှင့်ခြင်း၊ ဖမ်းယူခြင်း၊ ဆက်သွယ်ခြင်း၊ ပေးဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း ကို ခွင့်ပြုချက်မရှိဘဲ တားမြစ်ခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း၊
(ဂ) ဦးစီးဌာန၏သဘောတူညီချက်ဖြင့် တားမြစ်ထားသော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့်နေရာအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊
(ဃ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်တွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းလိုင်စင် ရရှိသူက တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား တာဝန်ဝတ္တရားထမ်းဆောင်မှုကို တားမြစ် ခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း။