ပုဒ်မ ၄၈၉ - ဃ
ပုဒ်မ ၄၈၉ - ဃ
ငွေစက္ကူကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ အတုပြုရန် ကိရိယာကိုသော်လည်းကောင်း၊ ပစ္စည်း များကိုသော်လည်းကောင်း ပြုလုပ်ခြင်း သို့မဟုတ် လက်ရှိထားခြင်း

မည်သူမဆို ငွေစက္ကူကိုသော်လည်းကောင်း၊ ဘဏ်ငွေလက်မှတ်ကိုသော်လည်းကောင်း လိမ်လည်အတုပြုမှုအတွက် အသုံးပြုရန်ဖြစ်စေ၊ ထိုသို့ အသုံးပြုရန် ရည်ရွယ်သည်ကို သိလျက်နှင့် သို့မဟုတ် ယုံကြည်ရန် အကြောင်းရှိလျက်နှင့်ဖြစ်စေ စက်ကိရိယာကို သို့မဟုတ် ကိရိယာကို သို့မဟုတ် ဝတ္ထုပစ္စည်းကိုပြုလုပ်လျှင် သို့မဟုတ် စက်ကိရိယာ၊ ကိရိယာ၊ ဝတ္ထုပစ္စည်းတစ်ခုခုပြုမှုလုပ်ငန်းအဆင့် ဆင့်တွင် အဆင့်တစ်ခုခုကို ပြုလုပ်လျှင် သို့မဟုတ် ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ စီမံခန့်ခွဲခြင်းတစ်ခုခု ပြုလျှင် သို့မဟုတ် လက်ရှိထားလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ 
  5. စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။