ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း ဆိုသည်မှာ အရွယ်ရောက်သူကဖြစ်စေ၊ အခြားသော ကလေးသူငယ်က ဖြစ်စေ ကလေးသူငယ်အား အောက်ပါပြုလုပ်မှုတစ်ခုခုပြုလုပ်ခြင်းကို ဆိုသည်-
(၁) နှိပ်စက်ညှဉ်းပမ်းမှု၊ ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်သော သို့မဟုတ် ဂုဏ်သိက္ခာကျဆင်းစေသော နှိမ့်ချပြုမှု ဆက်ဆံမှု၊
(၂) ရိုက်နှက်ပြစ်ဒဏ်ပေးမှု အပါအဝင် တစ်နည်းနည်းဖြင့် အပြစ်ပေးမှု၊
(၃) ရုပ်ပိုင်းဆိုင်ရာ နှိပ်ကွပ်အနိုင်ကျင့်မှု။