ပုဒ်မ ၂၆၄
မမှန်သော အချိန်အတွယ်ကိရိယာကို လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်သုံးခြင်း
မည်သူမဆို မမှန်ကြောင်းသိသော အချိန်အတွယ် ကိရိယာတစ်ခုခုကို လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့် အသုံးပြုလျှင် ထိုသူကို တစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံး ဖြစ်စေ ချမှတ်ရမည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
- သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ ပေးရမည်။
- ကျေအေးခွင့် မရှိ.
- မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။
Related Law