(က) ဗဟိုဘဏ်သည် ဘဏ်အား အုပ်ချုပ်သူ၏ ထိန်းချုပ်ကွပ်ကဲမှုအောက်တွင် ထားရှိသည့်နေ့မှ တစ်နှစ်အတွင်း သက်ဆိုင်ရာဘဏ်၏ ငွေစာရင်းများကို စာရင်းစစ်ခြင်း သို့မဟုတ် စာရင်းစစ် ဆေး စေခြင်း ပြုလုပ်ရမည်။
(ခ) ဗဟိုဘဏ်သည် အုပ်ချုပ်သူနှင့် စာရင်းစစ်တို့၏ အစီရင်ခံစာကို အခြေခံ၍ အောက်ပါအရေးယူ ဆောင်ရွက်မှု တစ်ရပ်ရပ်ကို ဆောင်ရွက်နိုင်သည်-
(၁) ပုဒ်မ ၉၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁၈)အရ ပြုလုပ်သည့်ဘဏ်၏ ဒါရိုက်တာအဖွဲ့အား ရာထူးရပ် ဆိုင်းထားခြင်းမှ ကင်းလွတ်စေနိုင်သည်။ ထို့အပြင် ဒါရိုက်တာအဖွဲ့အား ရပ်ဆိုင်းထားသော ဘဏ်၏ လုပ်ငန်းများကို ပြန်လည်ပြုလုပ်စေခြင်း၊
(၂) ဘဏ်၏ ဒါရိုက်တာအဖွဲ့အား ထုတ်ပယ်ပြီး ဒါရိုက်တာအဖွဲ့အသစ် ရွေးချယ်တင်မြှောက်ရေး အတွက် သင်းလုံးကျွတ် အထွေထွေအစည်းအဝေး ကျင်းပရန် ညွှန်ကြားခြင်း၊
(၃) မတည်ငွေရင်း လျှော့ချရန် ဆောင်ရွက်ခြင်းအပြင် ဆုံးရှုံးခဲ့သော သို့မဟုတ် ရရန်ပိုင်ခွင့်အဖြစ် မသတ်မှတ်နိုင်သော အစုရှယ်ယာတန်ဖိုး၏ အစိတ်အပိုင်းတစ်ရပ်ရပ်ကို ပြင်ဆင်သတ်မှတ်ခြင်း၊
(၄) ဗဟိုဘဏ်က လိုအပ်၍သတ်မှတ်ပေးသည့် တန်ဖိုးဖြင့် အစုရှယ်ယာအသစ်များကို ရောင်းချပေး ခြင်းဖြင့် လက်ရှိအစုရှယ်ယာရှင်များ၏ ပါဝင်မှုကို လျှော့ချခြင်း၊
(၅) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တွင် ဘဏ်အားစာရင်း ရှင်းလင်းဖျက်သိမ်းပေးပါရန် လျှောက်လွှာတင်ခြင်း။
(ဂ) ပုဒ်မ ၉၆ သို့မဟုတ် ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်များကို ထိခိုက်မှုမရှိစေဘဲ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဥပဒေအရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်များအရ-
(၁) ဗဟိုဘဏ်သည် အများပြည်သူသိရှိရန် အောက်ပါတို့ကို ထုတ်ပြန်ကြေညာရမည်-
(ကက) ဘဏ်၏ အစုရှယ်ယာရှင်တစ်ဦးဦးကို ၎င်း၏အစုရှယ်ယာအား လွှဲပြောင်းစေခြင်း သို့မဟုတ် သင့်မြတ်လျော်ကန်မှုရှိသည့် ပုဂ္ဂိုလ်အား ရောင်းချစေခြင်း ပြုနိုင်သည်။
(ခခ) ဗဟိုဘဏ်က သတ်မှတ်သည့် စည်းကမ်းချက်များအတိုင်း ဘဏ်၏ ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အခြားဘဏ် သို့မဟုတ် ငွေရေးကြေး ရေး အဖွဲ့အစည်းများသို့ လွှဲပြောင်းစေနိုင်သည်။
(ဂဂ) ပုဒ်မ ၁၀၇ နှင့်အညီ ဗဟိုဘဏ်က သင့်လျော်သည်ဟု ယူဆသည့် ဘဏ်၏ ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အခြားသောဘဏ် သို့မဟုတ် ငွေရေး ကြေးရေးအဖွဲ့အစည်းထံ လွှဲအပ်နိုင်သည်။
(၂) ဗဟိုဘဏ်သည် အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရ အဖွဲ့မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသဘောတူညီချက်ရယူပြီး ဆောင်ရွက်ခွင့်ရှိသည်-
(ကက) ဘဏ်၏ စီးပွားရေးလုပ်ငန်းကို ထိန်းချုပ်နိုင်ရန် ဘဏ်၏အစုရှယ်ယာများကို ပြည်ထောင်စု ၏ဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူခြင်း၊
(ခခ) ဘဏ်၏ ခိုင်မာတည်ငြိမ်ရေးအတွက်ဖြစ်စေ၊ ငွေရေးကြေးရေး စနစ်တစ်ရပ်လုံး၏ တည်ငြိမ်ရေး အတွက်ဖြစ်စေ ဘဏ်သို့ ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေဖြင့် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေထုတ် ချေးခြင်း၊
(ဂဂ) ဘဏ်၏ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များကို ရယူနိုင်ရန် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေ ထည့် ဝင်သော မတည်ရင်းနှီးငွေဖြင့် ဘဏ်အသစ်အား တည်ထောင်ခြင်း။
(ဃ) ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) အရ မှန်ကန်သင့်လျော်သော အရေးယူဆောင်ရွက်မှုကို ဆုံးဖြတ် ပြုလုပ်ရာတွင် ဗဟို ဘဏ်သည် နောက်ဆုံးစာရင်းစစ်အစီရင်ခံစာနှင့် အုပ်ချုပ်သူက တင်ပြသော အစီရင် ခံစာတို့ကို အလေးအနက်ထည့်သွင်း စဉ်းစားရမည်။
(င) ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) အရ မည်သည့် အရေးယူမှုကိုမျှ ဘဏ်အား ကျေနပ်မှု မရှိ ကြောင်းပြသရန် ကျိုးကြောင်း ဆီလျော်သော အခွင့်အရေးမပေးဘဲ ချမှတ်ခြင်း မပြုရ။ သို့ရာတွင် နှောင့်နှေးခြင်းကြောင့် ဘဏ်သို့မဟုတ် ၎င်း၏ ငွေအပ်နှံသူမြီရှင်များ သို့မဟုတ် ယေဘုယျအားဖြင့် အများပြည်သူ ထိခိုက်စေမည်ဟု ဗဟိုဘဏ်က ထင်မြင်ယူဆလျှင် ချက်ချင်း အရေးယူနိုင်ပြီး မကျေနပ် ချက်များ တင်ပြရေးအတွက် ယင်းအခွင့်အရေးကို အမြန်ဆုံးဖြစ်နိုင်သမျှ အခွင့်အရေးပေးပြီး ဆောင်ရွက် နိုင်သည်။
(စ) အဆိုပါကျေနပ်မှုမရှိကြောင်း အကျိုးဆက်အဖြစ် ဗဟိုဘဏ်က အရေးယူထားချက်ကို စည်းကမ်း ချက်များ သတ်မှတ်၍ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ လျှော့ပေါ့ခြင်း၊ ပြောင်းလဲခြင်း၊ အစားထိုးခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်နိုင်သည်။
(ဆ) ဗဟိုဘဏ်သည် ဤပုဒ်မ အလို့ငှာ ဘဏ်ကို ရယူပိုင်ဆိုင်ရန် အလားအလာရှိသူအား ဘဏ်နှင့် သက်ဆိုင်သော သတင်းအချက်အလက်ကို ပေးနိုင်သည်။ သို့သော် ထိုသတင်းအချက်အလက်ရရှိသူသည် လျှို့ဝှက်ထိန်းသိမ်းထားရမည်။ ထိုသတင်းအချက်အလက်များအား ဘဏ်ကို ရယူပိုင်ဆိုင်ခြင်းအတွက် သာ အသုံးပြုရမည်။